ငယ်ငယ်တုန်းက ဒီကားတွေ ကြည့်ပြီးအိပ်မပျော်ခဲ့ဘူးဆိုရင်တော့ သင်က 19’s ဆိုတာ သေချာပါတယ် :3
Chucky
ငယ်ငယ်တုန်းက ကြည့်ခဲ့ရသမျှကားတွေထဲမှာတော့ ဒီကားက ကြောက်စရာတော်တော်ကောင်းပါတယ် ။ အက်မင်ဆို ကြည့်ပြီး အရုပ်တွေနဲ့ မဆော့ရဲသလိုတောင် ဖြစ်သွားတာပါ ။ (၂၀၁၇) ခုနှစ်က အသစ်ထွက်ထားပါသေးတယ် ။ Child Hood Friend လေးကို ပြန်အလွမ်းသယ်ချင်ရင် ကြည့်လိုက်ကြပါ :3
999-9999
ငယ်ငယ်တုန်းက ကြည့်ပြီး အိမ်သာတစ်ယောက်တည်းမသွားရဲအောင် လုပ်ခဲ့တဲ့ထိုင်းကသရဲကားပေါ့ :3
ဒီကားကို အက်မင်ကတော့ ဘယ်အချိန်ပြန်ကြည့်ကြည့် ကြောက်ပါတယ် ။ သရဲကားဆို ဘလောက်ခြောက်ခြောက် အပြုံးမပျက်တဲ့ သူတွေကြည့်သင့်ပါတယ်။
Final Destination
ဒီကားက သရဲကားတော့မဟုတ်ပေမယ့် ဘယ်အချိန် ဘာဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတဲ့ဇာတ်ကားပါ(ဖြစ်နိုင်ရင် ဝင်ပြီးပြောပြလိုက်ချင်တာ)။ အပိုင်း (၅) ပိုင်းထိထွက်ထားပါတယ်။
Texas ChainSaw
ဒီကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့ပြောတဲ့(ထုတ်တဲ့ သူတွေပြောကြတာပဲ) ဇာတ်ကားပါ။ ထွက်ထားတဲ့ အပိုင်းတွေလည်း တော်တော်များပါတယ်။ သတ်တာဖြတ်တာတွေလည်း ကြမ်းတော့ စိတ်ခိုင်မှကြည့်ကြပါနော်။
Resident Evil
ဒီကားကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး(မင်းသမီကလည်း အသေလှ) ။ ယောင်္ကျာလေးတွေဆို Ps2 ခေတ်က ကျောင်းဆင်းတာနဲ့ ဆော့ခဲ့ကြတဲ့အထိ ပေါက်ခဲ့တာ။ ဒီကားကတော့ (၇) ကားထိထွက်ထားပါတယ်။
Read 3152 times