Travel

Visa Free Countries In Myanmar

Visa Free Countries In Myanmar

စက်တင်ဘာ (၁)ရက် ၂၀၂၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အခါ အောက်ဖော်ပြပါ  အာဆီယံနိုင်ငံတွေအနေဖြင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် ရရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြေငြာထားပါတယ်။

၁။ ဘရူနိုင်း (၁၄ ရက်)

၂။ ကမ္ဘောဒီးယားနိုင်ငံ (၁၄ ရက်)

၃။ အင်ဒိုနီးရှား (၁၄ ရက်)

၄။ လာအို (၁၄ ရက်)

၅။ ဖိလစ်ပိုင် (၁၄ ရက်)

၆။ ထိုင်း (၁၄ ရက်)

၇။ ဗီယက်နမ် (၁၄ ရက်)

၈။ စင်္ကာပူ (၃၀ ရက်)

သို့သော် သတ်မှတ်ထားသည့်ရက်အတွင်း ကျော်လွန်ပါက ထပ်တိုးနေထိုင်ရက်အတွက် အွန်လိုင်းဗီဇာ (E-Visa) လျှောက်ရန် လိုအပ်ပါတယ်။

ဒါ့အပြင် မြန်မာပတ်စပို့ကိုင်ဆောင်ထားသူတွေကလည်း ဗီဇာမလျှောက်ဘဲ ဘယ်အာဆီယံနိုင်ငံတွေကို ဘယ်နှစ်ရက် လည်ပတ်နိုင်လဲဆိုတာကို  ပြောပြပေးလိုက်ပါတယ်။

၁။ ဘရူနိုင်း (၁၄ ရက်)

၂။ ကမ္ဘောဒီးယားနိုင်ငံ (၁၄ ရက်)

၃။ လာအို (၁၄ ရက်)

၄။ ထိုင်း (၁၄ ရက်)

၅။ ဗီယက်နမ် (၁၄ ရက်)

၆။ အင်ဒိုနီးရှား (၃၀ ရက်)

၇။ စင်္ကာပူ (၃၀ ရက်)

 

⇐ Previous Next

Read 3970 times