Entertainment

ပုဂံ ပန်းချီပြပွဲ

Bagan Art Exhibition

ပုဂံဆိုတာ မြန်မာတို့ရဲ့အိမ်ဦးခန်းပါ။ အဲဒီအိမ်ဦးခန်းဖြစ်တဲ့ ပုဂံရဲ့ပုံရိပ်တွေကို နိုင်ငံသား ပန်းချီအနုပညာရှင်များက ခေတ်အဆက်ဆက် ပန်းချီများရေးဆွဲခဲ့ကြပါတယ်။ ပုဂံက စေတီပုထိုး သာသနိက အဆောက်အဦများ။ ထိုအဆောက်အဦများမှာ ရေးဆွဲထုလုပ်တပ်ဆင်ခဲ့တဲ့ အင်္ဂတေပန်းနဲ့ နံရံပန်းချီများ စသည်ဖြင့် ပုဂံရဲ့ သမိုင်းဝင်ရှုခင်းများကို အနုပညာရှင်များစွာက ကိုယ်ပိုင်အမြင် ကိုယ်ပိုင်ရှုထောင့် အသီးသီးကနေ သက်ဝင်ခံစား ရေးဆွဲထားခဲ့ကြတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။

ပုဂံဟာ မြန်မာတို့ရဲထိပ်ဆုံးက အမွေအနှစ်ဖြစ်တဲ့အတွက် အမွေအနှစ်တည်ရှိရာ ပုဂံရဲ့ပုံရိပ်ကို ဓါတ်ပုံရိုက်ခြင်း၊ ပန်းချီကားရေးဆွဲခြင်းတို့ပြုလုပ်ပြီး ထိုပုံရိပ်ကို အများသူငါ ဧရိယာမှာ ခင်းကျင်းပြသခြင်းတို့ဟာ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်စဉ်ထဲက အမွေအနှစ်တည်ရှိရာနဲ့ အမွေအနှစ် တည်ရှိကြောင်းကို အနာဂတ်မျိုးဆက်သစ်တို့ကို အသိပေးလက်ဆင့်ကမ်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

Bagan Art Exhibition

ဒါ့ကြောင့် ပုဂံရဲ့ပုံရိပ်ကို တင့်တယ်မြင့်မားစေပြီး အမွေအနှစ်တည်ရှိရာနဲ့ အမွေအနှစ်တည်ရှိကြောင်းကို အနာဂတ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အသိပေးနိုင်တဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ ပုဂံပန်းချီကားများကို ပုဂံ ပန်းချီပြပွဲ အမည်နဲ့ ကျင်းပသွားမဲ့အကြောင်း MY Yangon Guide က ဂုဏ်ယူစွာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။

Event Details -

Bagan Art Exhibition

Various Artist

Date: 12 - 16 December, 2025

Time: 10 AM - 5 PM

Location: ဝန်ကြီးများရုံးအတွင်းရှိ Brick Studio & Mula Studio တို့တွင် တစ်ပြိုင်နက်ပြသသွားမည်။

 

Bagan Art Exhibition

⇐ Previous Next

Read 199 times