ကိုဗစ်ကာလက အပြင်လျှောက်သွားတတ်တဲ့ သူတွေအတွက် တကယ်ကို အထီးကျန် ဆန်လွန်းပါတယ်။ ရောဂါကူးမှာကြောက်ပြီး အိမ်တွင်းကြိတ်အောင်းနေတဲ့ သူတွေကလည်း ဒုနဲ့ ဒေးပါ။
အားလပ်ရက်တွေ၊ အားတဲ့အချိန်တွေမှာ ရုပ်ရှင်၊ ဇာတ်လမ်းလေးတွေ ကြည့်ရင်း Chill တတ်တဲ့ သူတွေရှိလား?
ဇာတ်လမ်း၊ ရုပ်ရှင်ဆိုတာ လူတွေရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဘဝတစ်ခုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်း အမျိုးမျိုးရှိသလို ခံစားမှု ရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တွေကလည်း ကြည့်လို့မကုန်အောင် များလွန်းပါတယ်။
အရင်က ရုပ်ရှင်ဇာတ်လမ်းတွေကို Traditional နည်းနဲ့ CD Or DVD တွေနဲ့ ကြည့်ကြပေမယ့် (၂၁) ရာစုရောက်လာတဲ့အခါမှာတော့ Phone Internet တွေနဲ့ Website တွေ၊ App တွေမှာ ကြည့်ရှုလာကြပါတယ်။
Bill နဲ့ Premium ဝယ်ပြီး ကြည့်ရှုရတဲ့ Website တွေ၊ App တွေ ရှိသလို Free ကြည့်လို့ရတဲ့ ဟာတွေလည်း ရှိပါတယ်။ များသောအားဖြင့် Viewer တွေက Netflix မှာ Bill နဲ့ ဝယ်ကြည့်ကြတာ များပါတယ်။
Netflix နဲ့လည်း Chill ချင်တယ် Bill လည်းမဆောင်ချင်ဘူးဆိုတဲ့ ဂုန်းကောင်တွေအတွက် Netflix မှာကြည့်နေရသလိုမျိုး ဇာတ်လမ်းကောင်းတွေကို English Subtitle နဲ့ ကြည့်နိုင်မယ့် အပြင် Login လုပ်ဖို့တောင်မလိုတဲ့ Free Website တွေကို ဂုန်းဆင်းနိုင်အောင်လို့ မျှဝေပေးချင်ပါတယ်။
Myflixer

ဒီ website ကတော့ လူကြည့်များတဲ့ Free Website တစ်ခုဖြစ်ပါတယ်။ Netflix မှာ ပြသနေတဲ့ Netflix Original Movies/series တွေကို စုံဆန်စိနေအောင် ကြည့်နိုင်ပြီး Streaming Server ကလည်း (၄) ခု (၅) ခုလောက်ရှိနေတော့ ကြည့်ရတာ အဆင်ပြေချက်ပဲ။
Category တွေအနေနဲ့ Trending၊ Latest Movies၊ Latest TV Shows၊ Coming Soon စတာတွေရှိပြီး Trending မှာ လက်တလော ခေတ်စားနေတဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုနိုင်မှာပါ။ Latest Movies မှာတော့ နောက်ဆုံးထွက်ထားတဲ့ဇာတ်လမ်းတွေရှိမှာ ဖြစ်ပြီး Latest TV Shows မှာ လက်တလော TV မှာပြသနေတာတွေ ကြည့်ရှုရမှာပါ။
Coming Soon ကတော့ မကြာမီမှာ ထွက်ရှိမယ့် ဇာတ်ကားတွေကို သရေကျအောင် ကြေညာပေးထားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေကိုလည်း Search Bar မှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Link >> https://myflixerhd.ru/
123 movies

Myflixer လို Streaming Server ကလည်း (၄) ခု (၅) ခုရှိပြီး Action၊ Adventure၊ Animation၊ Biography၊ Comedy၊ Crime၊ Documentary၊ Drama၊ Family၊ Fantas၊ Game show၊ History၊ Horror၊ Musical၊ Mystery၊ News၊ Reality၊ Romance၊ Sci-Fi၊ TV Movie၊ Thriller၊ War စတဲ့ ဇာတ်လမ်းအမျိုးမျိုးအပြင် Trend ဖြစ်နေတဲ့ ဇာတ်ကားတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
Link >> https://123moviesfree.net/
Hi movies

Myflixer နဲ့ Website UI/UX ကအစ တူပြီး Streaming Server ကလည်း (၄) ခု (၅) ခုရှိပါတယ်။ မတူတာက Website နာမည်နဲ့ Website ကို Dark Mode ချိန်းလိုက်တာ တစ်ခုပါပဲ။ ဟိဟိ...
Link >> https://www3.himovies.to/
SOAP2DAY

Series အများဆုံးရှိတဲ့ Website တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ Myflixer၊ 123 movies၊ Hi movies တို့လို ကြည့်လို့ကောင်းတဲ့ Free Website တစ်ခုဆိုလည်း မမှားပါဘူး။ ကာတွန်းကားတွေလည်း တော်တော်ကောင်းတယ်ဗျ။
Link >> https://www.soap2day1.com/
Afdah

နောက်ထပ် ကြည့်လို့အကောင်းဆုံး Free Website တစ်ခုဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဒီ Website က Features တွေ အရမ်းမိုက်ပြီး ဇာတ်လမ်းတွေကို Years အလိုက် country အလိုက် ရှာလို့ရတော့ ဖုန်းနဲ့ကြည့်တဲ့ သူတွေအတွက် အဆင်မပြေလောက်ဘူးလို့ ထင်ပါတယ်။ ကျန်တာကတော့ အကုန်အဆင်ပြေလို့ အေးဆေး Chill ရုံပါပဲ။
Link >> https://afdah.live/
Flixtor

Myflixer လို Category လေးတွေ ခွဲထားပြီးတော့ ကြည့်ချင်တာကို ရှာရလွယ်ကူစေမယ့် Website တစ်ခုဖြစ်ပေမယ့် တချို့ ဇာတ်လမ်းတွေကတော့ Premium ဖြစ်မှ ကြည့်လို့ရပါတယ်။ ဒါမယ့် နည်းနည်းဂုန်းဆင်းရလည်း တန်ပါတယ်လေ။
Link >> https://flixtor.one/
Read 4597 times