ရန်ကုန်မှာ လက်ဖက်ရည်ကောင်းကောင်းလေးရယ်၊ အရသာစုံလင်တဲ့မုန့်တွေရယ်၊ သမိုင်းဝင် အငွေ့အသက်နဲ့ အေးချမ်းမှုတွေကို ပေါင်းစပ်ထားတဲ့ နေရာလေးတစ်ခုကို ပြပါဆိုရင် Lumbini Tea Room ကို ညွှန်းဆိုရမှာပဲ ဖြစ်ပါတယ်နော် …
ယခုအခါ MY Yangon Guide က လက်ဖက်ရည်သမားတို့ နှစ်သက်တဲ့ Lumbini Tea Room ရဲ့ ဆိုင်ခွဲအသစ်လေးကို တောင်ဥက္ကလာ ဝေဇယန္တာလမ်းမကြီးမှာ ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သတင်းလေး ပါးလိုက်ပါရစေ …

အသစ်ဖွင့်လှစ်သွားမဲ့ Lumbini Tea Room ရဲ့ လိပ်စာအတိအကျက ဝေဇယန္တာလမ်းထောင့်၊ စက်မှု (၂) လမ်း၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဖုန်း (09) 880 1800 84 ဖြစ်ပါတယ်။ တောင်ဥက္ကလာဆိုင်ခွဲအသစ်လေးကို ပုံတွေမှာ မြင်တွေ့ရတာနဲ့တင် လက်ဖက်ရည်လေးတစ်ခွက် သွားသောက်ချင်စဖွယ် လှပရှင်းသန့်တဲ့ ဆိုင်လေးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
တောင်ဥက္ကလာဘက်မှာ သူငယ်ချင်းနဲ့ဆုံဖို့ဖြစ်ဖြစ်၊ မိသားစုနဲ့တူတူပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းလက်ဖက်ရည်တစ်ခွက်နဲ့ အတွေးများချင်တာဖြစ်ဖြစ် အဆင်ပြေစေမဲ့ Lumbini Tea Room ဆိုင်ခွဲလေးကို MY Yangon Guide က လက်ဖက်ရည်သမားတို့အတွက် လမ်းညွှန်လိုက်ပါပြီနော် ...

Read 163 times