Entertainment

မထင်မှတ်ပဲ ရင်ထဲနွေးထွေးသွားမဲ့ မိသားစုဇာတ်လမ်း (Unexpected Family 2026)

Unexpected Family 2026 — A Heartwarming Story That Will Surprise You

ဒီတစ်ပတ် ရုပ်ရှင်ကြည့်မယ်ဆို စိတ်လက်ကြည်သာစွာနဲ့ အပန်းဖြေလို့ရမဲ့ family drama + feel-good vibe ရုပ်ရှင်ကားသစ်တစ်ကား Unexpected Family ကို ရွေးချယ်သင့်ပါတယ်။ ဒီကားက အကြမ်းဖက် သွေးထွက်သံယိုတွေမဟုတ်ဘဲ မေတ္တာ၊ အမှတ်တရနဲ့ မိသားစုဆိုတဲ့အဓိပ္ပာယ်ကို နွေးနွေးထွေးထွေး ပြောပြပေးသွားမဲ့ ဇာတ်လမ်းမျိုးပါ။

 

အထူးသဖြင့် ပရိသတ်တွေ အထူးချစ်ကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင် Jackie Chan ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဒီကားက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ Jackie Chan ဟာဆိုရင် action legend သာမဟုတ်ဘဲ စိတ်ခံစားမှုပိုင်းတွေကိုပါ သရုပ်ဆောင်ကောင်းကောင်းနဲ့ ပေးနိုင်တဲ့ superstar တစ်ယောက်ပါ။ ဒီလို နွေးထွေးတဲ့ family story ထဲမှာ သူပါဝင်တယ်ဆိုတာက ပရိသတ်တို့အတွက် ဒီရုပ်ရှင်ကို ကြည့်ဖို့ အလွန်ကောင်းတဲ့ ဆွဲဆောင်ချက်တစ်ခုပါပဲ။

 

Unexpected Family ရဲ့ဇာတ်လမ်းက Zhong Bufan ဆိုတဲ့ လူငယ်တစ်ယောက်။ သူဟာ မိသားစုတွင်းဖြစ်တဲ့ အကြောင်းအရာတစ်ခုကြောင့် အိမ်ကနေ ထွက်လာရပြီး Beijing ကို သွားဖို့ ကြိုးစားတဲ့ခရီး အတွင်းမှာ မထင်မှတ်ပဲ လူကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလူကြီးကတော့ Alzheimer’s ရောဂါခံစားနေရပြီး Zhong Bufan ကို သူ့ရဲ့ သားလို့ အထင်မှားသွားရာကနေ ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာတွေ စတင်လာတာပါ။

Unexpected Family

ဒီကားရဲ့ အားသာချက်က “ဟာသတစ်ခုတည်း” မဟုတ်ဘဲ ရင်ထဲထိမိစေတဲ့ moments တွေ ပါဝင်တာပါ။ မိသားစုဆိုတာ သွေးသားနဲ့ပဲ သတ်မှတ်လို့ရတာမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးခြင်း၊ သည်းခံပေးခြင်းတွေကနေလည်း “မိသားစု” ဖြစ်လာနိုင်တယ်ဆိုတဲ့ message လေးကို  ထည့်ပေးထားပါတယ်။ ဒါကြောင့် ကြည့်ပြီးတဲ့အခါ စိတ်နူးညံ့သွားစေမယ့် drama feel မျိုးကို သေချာပေါက် ရရှိခံစားရစေမှာပါ။

 

နိုင်ငံတကာရုပ်ရှင်ချစ်သူတို့အနေနဲ့ မိသားစုတွင်း နွေးထွေးပြီး ပျော်ရွှင်စရာဖြစ်တဲ့ဇာတ်လမ်းတွေ၊ feel-good drama တွေ ကြိုက်သူ ဒါမှမဟုတ် Jackie Chan ရဲ့ ပရိသတ်တစ်ဦး ဆိုရင် Unexpected Family က ဒီတစ်ပတ်အတွက် ကြည့်ရှုဖို့ စာရင်းထဲထည့်ထားရမဲ့ movie choice တစ်ခုပါ။ ပင်ပန်းတဲ့နေ့ရက်တွေကြားမှာ စိတ်အေးအေးနဲ့ ကြည့်ပြီး နှလုံးသားထဲထိ နွေးထွေးသွားစေမှာကြောင့် မကြာမီ ရုံတင်တော့မဲ့ Unexpected Family ကို သွားရောက်ကြည့်ရှုနိုင်ဖို့ MY Yangon ကနေ ကြိုတင် ညွှန်းဆိုပေးလိုက်ပါတယ်။

 

⇐ Previous Next

Read 102 times