Entertainment

မင်္ဂလာရုပ်ရှင်ရုံများတွင် (၁၉.၁၂.၂၀၂၅) မှ (၂၅.၁၂.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများ

Weekly Cinema Update from MY Yangon Guide (19.12.2025) - (25.12.25)

ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ နိုင်ငံခြားဇာတ်ကားသစ် The Bride (2025) ရုံဝင်ပြီး မြန်မာကားသစ် မဝင်ပါ။ ပြသဆဲ လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားများကို ဆက်လက်ပြသလျက်ရှိပါတယ်။ 

 

The Bride (2025) ဇာတ်ကားရဲ့ အကြောင်းကို အတိုချုပ်ပြောပြရရင် … အချစ်အတွက်နဲ့ ထိုင်းနိုင်ငံက ချမ်းသာတဲ့ ‘Bank’ မိသားစုထဲကို ချွေးမတော်ဖို့သွားတဲ့ ဗီယက်နမ်ကောင်မလေး 'Yen' တစ်ယောက်။ ‘Bank’ မိသားစုရဲ့ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေနဲ့ ရှေးဟောင်းမင်္ဂလာဝတ်စုံရဲ့ ကျိန်စာသင့်မှုတွေကို ကြုံတွေ့ရတဲ့အခါ ... သာမန်သရဲကားတွေလို မဟုတ်ဘဲ ယဉ်ကျေးမှုအခြေခံ ထိတ်လန့်မှုအသစ်တွေကို ခံစားရမှာမို့ Horror ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

 

မင်္ဂလာရုပ်ရှင်ရုံများတွင် (၁၉.၁၂.၂၀၂၅) မှ (၂၅.၁၂.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ - 

မောင့်မိဖုရား 

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး 

ငပျင်း 

ပန်ဒိုရာ 

မြို့ပြထဲက လမ်းမ 

နတ်ဝင်သည် 

The Bride 

Scarlet 

Dhurandhar 

The Hand တို့ ဖြစ်ပါတယ်။

 

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။

 Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို  www.mingalarcinemas.com  မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ... 

 

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

The Bride

မောင့်မိဖုရား

 

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး

Scarlet

Dhurandhar

 

⇐ Previous

Read 100 times