Entertainment

ဘီယာသောက်ရင်း ပရီးမီးယားလိဂ်ပွဲတွေ ကြည့်လို့ကောင်းတဲ့ ဘား ၅ ခု

5 Bars in Yangon to Watch Premier League Matches with a Cold Beer

ပရီးမီးယားလိဂ်ပွဲတွေကတော့ စိတ်ဝင်စားဖို့ သိပ်ကောင်းနေပြီနော် .. ဒီတစ်ပတ် ပွဲစဉ် ၁၃ မှာဆိုရင် လက်ရှိ နံပါတ် ၁ မှာ ရပ်တည်နေတဲ့ အာဆင်နယ်နဲ့ အဆင့် ၂ က ချယ်လ်ဆီးအသင်းတို့ရဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်က ထိပ်တိုက်တွေ့ဆုံမှု အပါအဝင် ရင်ခုန်စရာကောင်းတဲ့ အခြားပွဲစဉ်တွေလည်း ပါဝင်နေပါတယ်။

ဘောလုံးပွဲကြည့်တယ်ဆိုရာမှာ အကောင်းဆုံးကတော့ ကိုယ်အားပေးတဲ့အသင်းကို ကွင်းထဲအထိ သွားရောက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုအားပေးတာပဲ ဖြစ်ပါလိမ့်မယ်။ ဟိုးအရင်ကာလတွေတုန်းကဆို တိုက်ရိုက်ကြည့်ရှုခြင်းဆိုတဲ့ အခွင့်အရေးဟာ ကွင်းထဲကို သွားရောက်ကြည့်ရှုခြင်း သီးသန့်အဖြစ်သာ တည်ရှိခဲ့တာပါ။ ယခုခေတ်မှာတော့ တိုးတက်လာမှုများနဲ့အတူ ကမ္ဘာတစ်ဝှမ်း ဘယ်နေရာမှာ ကန်တဲ့ပွဲဖြစ်ဖြစ် အချိန်နဲ့တပြေးညီ တိုက်ရိုက်အားပေးကြည့်ရှုလို့ ရနေပါပြီ။

 

ဒီအတွက်ကြောင့် လက်ရှိအချိန်မှာ ရန်ကုန်မြို့ရဲ့ တီဗီဖန်သားပြင် (သို့) ပရောဂျက်တာပုံရိပ်တစ်ခုကနေ အင်္ဂလန်နိုင်ငံမှာ အပတ်စဉ် ကျင်းပနေပြီး ကမ္ဘာကျော်ကြား အောင်မြင်မှုများစွာ ရရှိထားတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်နေပါပြီ။ ဒီလိုမျိုး ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ရှုရာမှာ မိမိတို့ အားပေးတဲ့အသင်းကို မိမိတို့ နှစ်သက်တဲ့နည်းလမ်းများနဲ့ ကြည့်ရှုကြပါတယ်။ လက်ထဲက မိုလ်ဘိုင်းဖုန်းရဲ့ ဖန်သားမြင်ကွင်းက ကြည့်ရှုသူ ရှိသလို အိမ်မှာ တီဗီကနေ တစ်ဆင့် ကြည့်ရှုသူတွေလည်း ရှိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ပေါ့ဆိမ့်တစ်ခွက်နဲ့အတူ သူငယ်ချင်းများနဲ့ ကြည့်သူတွေ မနည်းသလို ဘားတွေမှာ ဘီယာခွက်လေးမော့ရင်း အားပေးသူတွေလည်း ရှိကြပါတယ်။ ( အက်မင် အကြိုက်ဆုံး ကြည့်ရှုနည်း :P )

 

ဒီတစ်ခါမှာ MY Yangon က ပရီးမီးယားလိဂ်ပွဲတွေကို ဘီယာလေး တစ်ခွက်တစ်ဖလားနဲ့အတူ အားပေးလို့ကောင်းမဲ့ ရန်ကုန်က ဘား ၅ ခုကို တင်ဆက်ပေးလိုက်ပါတယ်။

 5 Bars in Yangon to Watch Premier League

(၁) Beer Vibe (ပြည်သာယာ)

ပထမဆုံး ဘော်ထော် ပြည်သာယာက Beer Vibe ကို ညွှန်းလိုက်ပါတယ်။ ကျယ်ဝန်းတဲ့ ဆိုင်အခင်းအကျင်းမှာ ကြီးမားတဲ့ LED Screen ကြီးက လာနေတဲ့ ဘောလုံးပွဲကို ကြည့်ရင်း အေးစက်နေတဲ့ ဘီယာလေး သောက်ရတာ အင်မတန် အရသာ ရှိတဲ့ ခံစားချက်ပဲ ဖြစ်ပါလိမ့်မယ်။ အမြည်းအနေနဲ့ကလည်း အကင်တွေအပါအဝင် စုံလင်လှတာမျို့ ဘီယာသောက်ရင်း ပရီးမီးယားလိဂ်ပွဲတွေ ကြည့်လို့ကောင်းတဲ့ ဘားတစ်ခုအဖြစ် ရွေးချယ်နိုင်ပါတယ်။ ဒီဂျေနဲ့ တီးဝိုင်းတင်ဆက်မှုတွေကလည်း ရှိတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ သောက်စားဖို့အတွက် ဘာပြောကောင်းမလဲနော့ …

5 Bars in Yangon to Watch Premier League

(2) Beer Bank (မြောက်ဥက္ကလာ)

ဒုတိယအနေနဲ့ မြောက်ဥက္ကလာဘက်ကို သွားလိုက်ကြရအောင် … Beer Bank ဘားမှာ ကြီးမားတဲ့ LED Screen နဲ့ အပတ်စဉ် ဘောလုံးပွဲတွေ ပြသပါတယ်။ တေးဂီတဖျော်ဖြေတီးခတ်မှုလည်း ရှိသလို ကျယ်ကျယ်လွန့်လွန့် အေးဆေး Chill လို့ ကောင်းတဲ့ ဘားတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်းဆန်ဆန် မီးရောင်တွေကလည်း တည်ငြိမ်အေးဆေးတဲ့ဘက်ကို သွားသလို အေးစက်နေတဲ့ ဘီယာတစ်ခွက်ဟာလည်း ပရီးမီးယားလိဂ်ပွဲတွေနဲ့ အလိုက်ဖက်ဆုံးအမြည်းတစ်ခုပါပဲ။ သုဓမ္မာလမ်းမကြီးပေါ်မှာ တည်ရှိတာမို့ မြောက်ဥက္ကလာနဲ့ အနီးတစ်ဝိုက်က ပရီးမီးယားလိဂ်ပရိသတ်တွေအဖို့ သွားရောက် လေ့လာသင့်ပါတယ်။

 5 Bars in Yangon to Watch Premier League

(၃) Time Out Sports Bar (Novotel Hotel)

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ Novotel Hotel က Time Out Sports Bar ကလည်း ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ပြီး ဘီယာသောက်လို့ကောင်းတဲ့ ဘားအမိုက်စားတစ်ခုပါပဲ။ Sports Bar ဖြစ်တာနဲ့အညီ ဘောလုံးပွဲကြည့်ရုံသာမက အခြားသောအားကစားတွေကိုပါ ပြုလုပ်နိုင်လို့ Your Home Ground Of Sports And Beer Experience လို့ အမည်ပေးထားတာပါ။

“Time Out Sports Bar တွင် ဘီလိယက်၊ ဘောလုံး (သို့မဟုတ်) မြှားပစ်ကစားနည်းများ၌ သင့်စွမ်းရည်ကို စမ်းသပ်နိုင်သည်၊ သို့မဟုတ် ကျွန်ုပ်တို့၏ အရသာကောင်းမွန်သော ဘာဂါများကို မြည်းစမ်းရင်း ဧရာမ ဖန်သားပြင်ပေါ်မှ စိတ်လှုပ်ရှားဖွယ် တိုက်ရိုက်ဘောလုံးပွဲများကို  ကြည့်ရှုနိုင်ပါသည်” လို့ သူတို့ရဲ့ Website မှာ ရေးသားထားပါတယ်။

 5 Bars in Yangon to Watch Premier League

(၄) Echo Vibe (နာနတ်တောလမ်း)

ပြည်လမ်း နိုဗိုတယ်နားမှာပဲ Time Out Sports Bar လို မဟုတ်ပဲ သီချင်းတွေလည်း နားထောင်ချင်တယ်၊ ဘောလုံးပွဲတွေလည်း ကြည့်ချင်တယ်ဆို  Echo Vibe ဘားကို ရွေးချယ်နိုင်ပါတယ်။ ဖွင့်လှစ်တာ သိပ်မကြာသေးတဲ့ ဒီဘားမှာ အတွင်းမှာ တေးဂီတတီးဝိုင်းရဲ့ မြူးမြူးကြွကြွ သီချင်းတွေကို နားဆင်ရင်း ပျော်ရွှင်ခံစားနိုင်သလို ဆိုင်ရဲ့ အပြင်ဘက်မှာတော့ ကြီးမားတဲ့ LED Screen နဲ့ ပြတဲ့ ဘောလုံးပွဲများကို အေးဆေး Chill ရင်း အားပေးကြည့်ရှုနိုင်ပါတယ်။ ဘောပွဲကို အေးဆေး ဘီယာသောက်ရင်း ကြည့်တာဖြစ်ဖြစ်၊ သံစဉ်တေးသွားတွေကြား ဘီယာခွက်မော့ပြီး မြူးကြွချင်တာဖြစ်ဖြစ်၊ သက်သက်စီ လုပ်ချင်သူတို့အတွက် ခွဲခြားပေးထားမှု အဆင်ပြေစေမဲ့ ဘားတစ်ခုပါပဲ။

 5 Bars in Yangon to Watch Premier League

(၅) Colony (ကျောက်မြောင်း)

ပရီးမီးယားလိဂ်ပွဲတွေ ကြည့်မယ်၊ ဖျော်ဖြေမှုတွေကို ခံစားနားဆင်မယ်၊ လူငယ်တွေ အကြိုက်တွေ့ဖို့လည်း ဖြစ်ရမယ်ဆို ကျောက်မြောင်း သတိပဌာန်က Colony ဘားက အဆင်ပြေပါလိမ့်မယ်။ ရန်ကုန်မြို့ရဲ့ ညဘက်တွေ စည်ကားတဲ့ နေရာတစ်ခု ကျောက်မြောင်းမှာ တည်ရှိပြီး အကင်တွေ စုံစုံလင်လင်နဲ့ လူငယ် Vibe အပြည့်ရစေတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ အောက်ထပ်မှာ ပရောဂျက်တာ ရှိပြီး ဖျော်ဖြေရေးစင်နဲ့ နီးကပ်စွာရှိတာကြောင့် တေးဂီတသီဆိုမှု + ဘောလုံးပွဲကို တစ်ပြိုက်နက်တည်း ကြည့်နိုင်ပြီး အပေါ်ထပ်က တီဗီမှာတော့ အေးအေးဆေးဆေး ဘောလုံးပွဲကို ကြည့်ရှုအားပေးနိုင်ပါတယ်။

 

အခု MY Yangon က ပရီးမီးယားလိဂ်ပွဲတွေကို ဘီယာလေး တစ်ခွက်တစ်ဖလားနဲ့အတူ အားပေးလို့ကောင်းမဲ့ ရန်ကုန်က ဘား ၅ ခုအကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ တိုးတက်စည်ကားလျက်ရှိတဲ့ ရန်ကုန်မြို့ကြီးမှာ ဒီဘားတွေသာမကပဲ အခြားသော ဘားတွေများစွာမှာလည်း ဘီယာလေးသောက်ရင်း ပရီးမီးယားလိဂ်ပွဲတွေကို အဆင်ပြေစွာ ကြည့်ရှုနိုင်ပါတယ်။

 

MY Yangon ရဲ့ ပရိသတ်တွေ အနေနဲ့ အက်မင်ပြောခဲ့တဲ့ ဘားတွေထဲမှာ ဘယ်ဘားကို ဘဘောကျနှစ်သက်လဲ။ အခြားထပ်ပြီး ပါဝင်စေချင်တဲ့ ဘားတွေ ရှိရင်လည်း အက်မင်နဲ့ တူတူသွားရောက် လေ့လာဖို့ သတင်းပါးခဲ့ပါဦးနော့ …

 

ဘီယာသောက်ရင်း ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ရတာ တကယ်ကောင်းမွန်တဲ့ အရသာပဲ မဟုတ်ပါလား မိတ်ဆွေရေ …

5 Bars in Yangon to Watch Premier League

 

⇐ Previous Next

Read 214 times