Things To Do

ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် ရဲ့ စာပိုးကောင် စာအုပ်ပွဲ

Sarpoe Kaung Book Fair by Zaw gyi Po Win Bookshop

သုတ ရသ စာအုပ်ကောင်းများစွာကို အထူးလျှော့ဈေးနဲ့ ဝယ်ယူနိုင်မဲ့ ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် ရဲ့ စာပိုးကောင် စာအုပ်ပွဲ။

 

ကွယ်လွန်ပြီး ဂန္ထဝင်စာရေးဆရာကြီးများဖြစ်ကြတဲ့ မြသန်းတင့်၊ မောင်ထင်၊ သခင်ဘသောင်း၊ ကျော်အောင်။ ယနေ့ခေတ်ရဲ့ စာပေမှတ်ကျောက်တင်ပြီးသူ စာရေးဆရာကြီးများဖြစ်ကြတဲ့ တင်မောင်မြင့်၊ ဆူးငှက်၊ မြတ်သစ်၊ ကိုလေးမြတ်တို့အပါအဝင် စာရေးသူပေါင်းများစွာတို့ရဲ့ သုတ ရသ စာအုပ်ကောင်းပေါင်း ၇၀ နီးပါးကို တစ်နေရာတည်းမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ဈေးများနဲ့ ဝယ်ယူနိုင်မဲ့ စာပိုးကောင် စာအုပ်ပွဲလေးအကြောင်း MY Yangon Guide က မျှဝေလိုက်ပါတယ်။

 

ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် ရဲ့ စာပိုးကောင် စာအုပ်ပွဲကို ၂၀၂၅ ခုနှစ်၊ ၂၉ - ၃၀ နိုဝင်ဘာလ မှ ၁ ဒီဇင်ဘာ ၂၀၂၅ အထိ သုံးရက်တိုင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပသွားမှာပါ။ ဖော်ပြထားတဲ့ စာအုပ်များကို ၂၀% ၂၅% ၃၀% လျှော့ပြီးတော့ ရောင်းချသွားမှာဖြစ်ပြီး ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်မှာ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူနိုင်သလို Online ကနေလည်း ထပ်တူလျှော့ဈေးများနှင့် ဝယ်နိုင်ပါတယ်။

 Sarpoe Kaung Book Fair

 ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်ရဲ့ လိပ်စာကတော့ အမှတ် ၁၇၀-ပထမထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်က ၀၉ ၄၄၉၅၂၃၃၁၇ ဖြစ်ပါတယ်။ စာအုပ်တွေ ရွေးရင်း ဝယ်ရင်းနဲ့ လက်ဖက်ရည်သောက် မုန့်စားဖို့ အကျွေးအမွေးများကိုလည်း ရိုးရာမပျက် ထည့်ထားပါတယ်လို့ ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်က ဆိုထားပါတယ်။

 

 Sarpoe Kaung Book Fair

Sarpoe Kaung Book Fair

Sarpoe Kaung Book Fair

Sarpoe Kaung Book Fair

 

.

 

⇐ Previous Next

Read 127 times