တက်တူးပညာရှင်များ၊ ဝါသနာရှင်များနှင့် တက်တူးပညာ၊ တက်တူးအလှအပေါ် စိတ်ဝင်စားသူများစွာ တက်ရောက်ကြတဲ့ Skin Story Tattoo Ink Show 2026 ကို ရန်ကုန်မြို့ရှိ The Eravati Hotel တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁၊ ၂၂ တို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲတွင် ခန္ဓာကိုယ် နေရာအလိုက် တက်တူးပြိုင်ပွဲများကို ပြုလုပ်ပြီး ဝါရင့်ပညာရှင်များရဲ့ ရွေးချယ်မှုဖြင့် တက်တူးထိုးသူ ပညာရှင်များကို ဆုချီးမြင့်ခဲ့ကြပါတယ်။ ၂၁ ရက်နေ့မှာ အနက်နှင့်ခဲ တက်တူးပြိုင်ပွဲများကို ပြုလုပ်ပြီး ၂၂ ရက်နေ့မှာ ရောင်စုံတက်တူးပြိုင်ပွဲများကို ပြုလုပ်မှာဖြစ်ပါတယ်။
အဆိုပါ Skin Story Tattoo Ink Show 2026 မှာ တေးဂီတဖျော်ဖြေပွဲတစ်ခုကိုလည်း ကျင်းပခဲ့ပြီး စိုင်းလေး၊ သာဒီးလူ အပါအဝင် နာမည်ကျော်ရော့ခ်အဆိုတော်များက မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
MY Yangon မှ Skin Story Tattoo Ink Show 2026 ကို ပထမရက်၊ ဖေဖော်ဝါရီ ၂၁ မှာ တက်ရောက်ခဲ့ပါတယ်။ ကျင်းပပြုလုပ်တဲ့ Skin Story Tattoo Ink Show 2026 က ခြေထောက်နဲ့ ကျောပြင် တက်တူးပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများနှင့် ပွဲရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဓာတ်ပုံများကို MY Yangon ပရိသတ်တို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။










Read 75 times