Things To Do

ရန်ကုန်ရဲ့ ညချမ်းကို ငွေရောင်အလှတွေနဲ့ သိမ်းပိုက်ကြစို့ - "The Silver Ball" ကပွဲကြီး လာပါပြီ!

Shine Bright Like Silver: "The Silver Ball" is Bringing Ballroom Culture Back to Yangon!

Fashion ကျကျ လန်းချင်သူတွေနဲ့ Voguing ဝါသနာရှင်တွေအတွက် သတင်းကောင်းပြင်သစ်ယဉ်ကျေးမှုဌာန (IFB) ကနေ ၂၀၂၅ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Grand Golden Ball ရဲ့ အဆက်အဖြစ်၊ ဒီတစ်ခါမှာတော့ ပိုမိုတောက်ပတဲ့ "The Silver Ball" ငွေရောင်ကပွဲကြီးကို သယ်ဆောင်လာပြန်ပါပြီ။

 

ဘာတွေ ထူးခြားမှာလဲ?

ဒါဟာ ရိုးရိုးပွဲတစ်ခုမဟုတ်ဘဲ ကိုယ်ပိုင်ဟန်ပန်တွေကို Runway ပေါ်မှာ အားရပါးရ ထုတ်ဖော်ပြသနိုင်မယ့် နေရာတစ်ခုပါ။ IFB Main Garden ရဲ့ လှပတဲ့ ဥယျာဉ်ထဲမှာ House Beats ဂီတသံတွေနဲ့အတူ Voguing ယဉ်ကျေးမှုကို ခံစားရမှာဖြစ်ပါတယ်။

 

Entertainment အစီအစဉ်များ:

 MDRNGEISHA: Techno နဲ့ Melodic texture တွေကြောင့် နာမည်ကြီးတဲ့ ရန်ကုန်ဖွား DJ က အလန်းစား Mix တွေနဲ့ ဖျော်ဖြေပေးမှာပါ။

 MAY: ၂၀၁၈ Star Awards ဆုရှင်၊ အဆိုတော်/မင်းသမီး မေ ကလည်း အားဖြည့်ပါဝင်ဦးမှာဆိုတော့ ပွဲကတော့ တကယ်ကို စိုပြေနေမှာပါ။

Silver Ball

Runway ပေါ်မှာ တောက်ပပြီး ဆုတွေ သိမ်းကြမယ်!

ဒီပွဲရဲ့ ထူးခြားချက်ကတော့ ပြိုင်ပွဲကဏ္ဍတွေပါ။ LGBTQIA+ မိတ်ဆွေများနဲ့ အမျိုးသမီးများ သီးသန့် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အဓိကဆုတွေကတော့ တစ်ဆုကို  သိန်းကျပ် (၅၀၀,၀၀၀ MMK) တောင် ရရှိမှာနော်!

  • Competition Categories: Face, Runway, Voguing (Vogue Fem, Old Way, New Way)
  • Special Awards: Best Dressed နဲ့ Realness ဆုတွေအပြင် BIODERMA က ပေးမယ့် လက်ဆောင်တွေလည်း ရှိပါသေးတယ်။

 

Dress Code: ပွဲရဲ့ Theme အတိုင်း ငွေရောင် (Silver) ပါဝင်တဲ့ ဝတ်စုံကို မိမိစိတ်ကြိုက် အလန်းဆုံး ဖန်တီးဝတ်ဆင်လာခဲ့ဖို့ မမေ့နဲ့ဦးနော်!

 

ပွဲအသေးစိတ် အချက်အလက်များ

 နေရာ: IFB Main Garden (ပြင်သစ်ယဉ်ကျေးမှုဌာန)

 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် (သောကြာနေ့)

 အချိန်: ညနေ :၃၀ နာရီမှ  :၃၀ နာရီအထိ

 လက်မှတ်: ၁၀,၀၀၀ ကျပ်

လက်မှတ်ဝယ်ယူရန်:

  • Online: Dance Workshops Myanmar Dance Academy ရဲ့ Messenger ကနေ ဝယ်ယူနိုင်ပါတယ်။
  • Offline: dwM Studio (ရန်ကင်း/ဒဂုံမြောက်နဲ့ IFB ဧည့်ကြိုကောင်တာတွေမှာ ဝယ်ယူနိုင်ပါပြီ။
  •  

ကဲ... ငွေရောင်ဝတ်စုံလေးတွေ ပြင်ဆင်ပြီး Runway ပေါ်မှာ အပီအပြင် ကပြဖို့ အဆင်သင့်ပဲလားMY Yangon ပရိသတ်ကြီးရေ... Silver Ball မှာ ဆုံကြမယ်နော်!

 

Silver Ball

⇐ Previous

Read 85 times