(၂၀၂၁)ခုနှစ်မှာ စီးပွာရေးလုပ်ငန်းတစ်ခုလုပ်ဖို့ တွေးနေပါသလား? ကိုဗစ်ကြောင့်လူတွေရဲ့ နေထိုင်မှု၊စားသောက်တဲ့ပုံစံတွေ ပြောင်းလဲသွားတဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေဟာလည်း လိုက်ပြီးပြောင်းလဲခဲ့ကြပါတယ်။ သမာရိုးကျအလုပ်တွေလုပ်တာထက် ဒီအလုပ်တွေက ဘယ်လိုပိုကောင်းနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။
Consultant

သင်ဟာ နယ်ပယ်တစ်ခုခုမှာ(စီးပွားရေး၊Social Media၊ marketing၊ ) ကျွမ်းကျင်နေမယ်ဆိုရင် Consultant အလုပ်ဟာ ထည့်စဥ်းစားသင့်တဲ့ အလုပ်တစ်ခုပါပဲ။ သင့်ရဲ့နာမည်ကျော်ကြားလာတာနဲ့ အမျှသင့်ကို ငှားမယ့်သူကလည်း ပိုများလာပါလိမ့်မယ်။
Online Reseller

အဝတ်အစားတွေ၊ အလှပြင်ပစ္စည်းတွေ ပြန်ရောင်းတဲ့ Online Shopping တွေကလည်း တော်တော်လေး ခေတ်စားတဲ့အထဲပါပါတယ်။လုပ်ရတာ လက်ဝင်တယ်ဆိုပေမယ့် ရမယ့်အမြတ်အစွန်းကလည်း မနည်းပါဘူး။
Online Teaching

Pandemic ဖြစ်လာတဲ့အတွက် ပညာရေးမှာလည်း အရင်လို လူကိုယ်တိုင်သင်ရတာမျိုး သိပ်မရှိပဲ Online ပေါ်ကနေပဲ သင်တာမျိုးတွေပဲများလာပါတယ်။ ဒီလိုမျိုးဆိုတော့ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်ကို Online ပေါ်ကနေသင်ပြီး ဝင်ငွေရှာနိုင်ပါတယ်။
App Developer

ဒီအလုပ်ကတော့ အခုမှပေါ်တာမဟုတ်ပါဘူး။ဒါပေမယ့် အခုလိုဖြစ်သွားတဲ့အတွက် Freelance လုပ်နိုင်တဲ့ ဒီလို Developer အလုပ်မျိုးတွေက ပြန်ခေတ်စားလာပါတယ်။ ကိုယ်ကျွမ်းတဲ့ Language နဲ့အတူ Developer တစ်ယောက်အဖြစ် ဝင်ငွေရှာနိုင်ပါတယ်။
Freelance Copywriter

Marketing ဗဟုသုတနည်းနည်းရှိပြီးတော့ စာရေးရတာသဘောကျတဲ့ သူတွေအတွက်ဆို Copywriter တစ်ယောက်အဖြစ် ရပ်တည်နိုင်ပါတယ်။ လုပ်ငန်းအများစုဟာ Social တွေပေါ်ကို ရောက်လာတာဖြစ်တဲ့အတွက် ဒီအလုပ်ကလည်း ရှားတော့မရှားလှပါဘူး။
Translator

Translator ဟာ အလုပ်အကိုင် သိပ်မရှိပေမယ့် 2021 မှာတော့ ပြန်ပြီးတော့ ခေတ်စားလာပါတယ်။ ဘာသာစကား တတ်ထားတဲ့သူတွေအတွက်တော့ အလုပ်ရှာရလွယ်မှာပါ။
Digital Marketing

Social တွေခေတ်စားလာတယ်။ ဒါ့အပြင် စီးပွားရေးတွေအကုန်လုံးဟာ Social ပေါ်ရောက်လာတဲ့အတွက် Digital Marketing ဆိုတဲ့အလုပ်ဟာ ရေပန်းစားတဲ့ အလုပ်ဖြစ်လာပါတယ်။
Graphic Designer

အပေါ်က Copywriter, Digital Marketing အလုပ်တွေလိုပါပဲ။ အွန်လိုင်းပေါ်ကို စီးပွားရေးတွေ ရောက်လာတဲ့အတွက် Graphic Designer လိုမျိုးတွေဟာလည်း ဝင်ငွေကောင်းလာပါတယ်။
T-shirt Printing

Graphic Design လိုပါပဲ။ အိမ်မှာပဲနေပြီး အင်္ကျီတွေပေါ်မှာ ပုံလေးတွေ ရိုက်နေရုံပါပဲ။
ကိုယ်ပိုင် Design နဲ့ထုတ်လို့ရသလို သူများရဲ့ Design တွေလည်း order လက်ခံပြီးလုပ်လို့ရပါတယ်။
Read 4344 times