တန်ဆောင်တိုင်ပွဲတော် ပိတ်ရက်တွေကို မျှော်နေကြပြီလား … MY Yangon Guide ကနေ တန်ဆောင်တိုင်ညတွေမှာ မိသားစုနဲ့တူတူ ပျော်ပျော်ရွှင်ရွှင် သွားလာလည်ပတ်နိုင်မဲ့ Event တစ်ခုကို မျှဝေပေးလိုက်ပါတယ်။
အဲဒါကတော့ Starry Night Tazaungdaing Bazaar ပွဲတော်ဖြစ်ပြီး ၂၀၂၅ နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၄) ရက်နေ့အထိ The Secretariat Yangon မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ "Starry Night Tazaungdaing Bazaar" ပွဲတော်မှာ Live Show အစီအစဉ်တွေ၊ Performance Show တွေ၊ သားသားမီးမီးတွေအတွက် ပျော်ရွှင်စရာ ကစားကွင်းတွေ ရှိနေမှာပါ။ ဒါတွေအပြင် သန့်ရှင်းလတ်ဆက်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ Fashion နဲ့ Beauty Products တွေ စုံလင်စွာ ရှိနေမှာဖြစ်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တစ်သက်စာအတွက် အမှတ်တရဖြစ်စေမယ့် မီးထွန်းပွဲအစီအစဉ်တွေလည်း ရှိနေမှာ ဖြစ်ပါတယ်။
Event Details -
· Starry Night Tazaungdaing Bazaar
· 4 November, 2025
· The Secretariat Yangon
တန်ဆောင်တိုင်မှာ သွားစရာနေရာတစ်ခုကိုတော့ MY Yangon Guide ကနေ လမ်းညွှန်လိုက်ပြီနော် … တခြားသော Event တွေနဲ့ အစီအစဉ်တွေကို ဆက်လက်မျှဝေသွားမှာမို့ MY Yangon Guide ကို နေ့စဉ်မပြတ် ဝင်ကြည့်နေဖို့ သတင်းကောင်းပါးလိုက်ပါရစေ။

MY Yangon Guide – Yangon Live-Style ဆိုတဲ့အတိုင်း မိတ်ဆွေတို့ရဲ့ ရန်ကုန်မြို့ပြ နေ့စဉ်ဘဝ နေထိုင်မှု၊ လှုပ်ရှားမှုတွေကို တင်ဆက်ပေးလျက် ရှိပါတယ်။ Content ဖတ်ရုံတင်မကဘူး၊ Business Search ထဲ တန်းဝင်လိုက်မယ်ဆိုရင်လည်း MY Yangon Guide ရဲ့ မိခင် Yangon Directory မှာ ရန်ကုန်မြို့ထဲက စီးပွားရေးလုပ်ငန်းပေါင်း သိန်းချီပြီး ရှိနေတာမို့ ရန်ကုန်သူ ရန်ကုန်သားတို့အတွက် အဆင်အပြေဆုံး Guide တစ်ခုဖြစ်စေမှာပါ။
Read 142 times