စီးပွားရေးနယ်ပယ်အသီးသီးက မိတ်ဆွေတွေ၊ မြို့အသီးသီးက ဈေးဝယ်သူတွေ ဆုံတွေ့ပြီး ထိုင်း-မြန်မာ စီးပွားရေးကို ပိုမိုတိုးတက်စေမဲ့ အစီအစဉ်တွေ ဖြစ်လာဖို့ အမိုက်စား Event တစ်ခုက ဒီဇင်ဘာလရဲ့ ပွင့်လင်းရာသီမှာရောက်လာပါပြီနော် …
ဟုတ်ပါတယ် … အစားအသောက်၊ အိမ်သုံးကုန်၊ အလှကုန်ပစ္စည်း၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ဆေးရုံဆေးခန်း၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အဝတ်အထည်နဲ့ လုပ်ငန်းသုံးပစ္စည်းအမျိုးမျိုးတို့ကို တစ်နေရာတည်းမှာ လွယ်ကူစွာ ဝယ်ယူနိုင်မှာဖြစ်သလို စီးပွားလုပ်ငန်းများလည်း စုံစုံလင်လင်၊ နိုင်ငံကျော်အနုပညာများပါ တက်ရောက်မဲ့ Thai Expo Yangon 2025 Myanmar ပွဲကြီးကို MY Yangon က ဂုဏ်ယူစွာ မျှဝေတင်ဆက်လိုက်ပါတယ်။

Thai Expo Yangon 2025 Myanmar ပွဲကြီးမှာ အထူးအစီအစဉ်များအဖြစ် နေ့စဉ် Lucky Draws ၊ Thai Cultural Performance Dance ၊ Cooking Show ၊ Fashion Show ၊ Seminar ၊ Business Matching ၊ Music Live Band ၊ Celebrities Meet & Greet တို့လည်း ပါဝင်မှာဖြစ်တာကြောင့် မဖြစ်မနေ အချိန်ပေးသွားဖို့ အခုပဲ စီစဉ်ထားလိုက်ပါတော့နော် …
Thai Expo Yangon 2025 Myanmar ပွဲကြီးရဲ့ အသေးစိတ်အချက်အလက်တွေကတော့ -
နေ့ရက် - December 5–7, 2025
အချိန် - 9AM to 5PM
နေရာ - Yangon Convention Centre (YCC), Yangon, Myanmar (Inyalake Hotel Compound) တို့ဖြစ်ပါတယ်။
YBS လမ်းညွှန်အဖြစ် 28,36,43,64,79,83 ကိုစီးပြီး ကမ္ဘာအေးဘုရားလမ်းမပေါ် (၁၀၆) မှတ်တိုင်မှာ ဆင်းရပါမယ်။


Read 121 times